နောက်ဆုံးပြောသွားသူ။ - ရေးသားသူ: မနောသား - ကြာ။, 16 မေ။ 2008 10:07
၂၀၀၀ ပြည့် မင်ဘာ ကြိုဆိုခြင်းနှင့် ဖိုရမ် ဆုတောင်းလေးကို မင်းဘာများအားလုံး လာရောက်ဆုတောင်း ကြိုဆိုပေးကြဖို့ ဖိတ်ခေါ်ပါတယ် ခင်ဗျာ ...
 
သတင်းများ။ Collapse Block
ကြေညာချက်များ။
မင်္ဂလာပါ။
 

မိတ်ဆွေဝင်ရောက်လျှက်ရှိသော ၀က်ဘ်ဆိုက်မှာ အများသုံးဝက်ဘ်ဆိုက်တစ်ခုဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်နဲ့ ဖိုရမ်မှာ မိတ်ဆွေအနေနဲ့  မှတ်ပုံတင်စရာမလိုပဲ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်။ သီချင်းများ၊ စာအုပ်များ၊ ရုပ်ရှင်များနဲ့  တခြားသောနည်းပညာဆိုင်ရာဆွေးနွေးချက်များကို လွတ်လွတ်လပ်လပ် ၀င်ရောက်နားဆင်ဖတ်ရှုနိုင်ပါတယ်။ ဒီဖိုရမ်မှာ ၀င်ရောက်ကြည့်ရှုလိုက်လို့  မိတ်ဆွေအနေနဲ့  အသိပညာဗဟုသုတတစ်ခု၊ စိတ်ပျော်ရွှင်မှုတစ်ခုရရှိသွားမယ်ဆိုရင် ကျွန်တော်တို့  မြန်မာချက်အွန်လိုင်း အဖွဲ့ သားအားလုံးနဲ့  သူငယ်ချင်းများအားလုံးက ၀မ်းသာပီတိဖြစ်ရပါတယ်။ တကယ်လို့  မိတ်ဆွေအနေနဲ့  ဖိုရမ်မှာ ပြန်လည်ဆွေးနွေးချင်တယ် ကျေးဇူးတင်စကားပြောကြားချင်တယ်ဆိုရင်တော ဒီနေရာလေးကနေ မိတ်ဆွေအမည်ကို မှတ်ပုံတင်ပေးရမှာဖြစ်ပါတယ်။ မှတ်ပုံတင်ခြင်းပြီးဆုံးရင်တော့ ကျွန်တော်တို့ ရဲ့ ဖိုရမ်မှာ မိတ်ဆွေဆီက အသိပညာ အတက်ပညာများကို သူငယ်ချင်းများနဲ့ နှီးနှောဖလှယ်ပေးပါလို့  ပန်ကြားလိုပါတယ်။


ရေးသားသူ အမ်စီအို, နွေ။, 27 ဇန္န၀ါရီ။ 2008 16:50 မှတ်ချက်များ။(0), အပြည့်အစုံသို့ ။
မီဒီယာ။
ရန်ကုန်မြို့ ရဲ့ အနောက်တောင်ဖက်တွင် ဆိုင်ကလုံးတစ်ခုထပ်မံဖြစ်ပွား

မြန်မာနိုင်ငံရှိ သူငယ်ချင်းများ ပြည်သူပြည်သားများအားလုံးကိုသတိပေးချင်ပါတယ်

နောက်ထပ် ဆိုင်ကလုန်း တစ်ခု ဗမာပြည်ထဲမှာ စတင်ဖြစ်ပေါ်နေပြီလို့ ကုလသမဂ္ဂက အခုဘဲ သတိပေးလိုက်ပါတယ်။ ရန်ကုန်မြို့ရဲ့ အနောက်တောင်ဘက်မှာ စတင်ပြီး ဖြစ်ပေါ်နေပြီလို့ သိရတယ်။ အဲဒီ အပူပိုင်း ဆိုင်ကလုန်းဟာ နောက်ထပ် ၂၄ နာရီအတွင်းမှာ ကြီးထွားလာနိုင်တယ်လို့ သတင်းရရှိပါတယ်။

ဒါပေမယ့် အဲဒီမုန်တိုင်းဟာ အင်အားအသင့်အတင့်လား၊ အင်အားပြင်မလားဆိုတာကိုတော့ ကြိုတင်ခန့်မှန်းလို့မရသေး ဘူးလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးအတွက်ရဲက ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

သူမက “ဒီသတင်းက ကုလသမဂ္ဂရဲ့ ကမ္ဘာ့ မိုးလေ၀သဋ္ဌာနရဲ့ ဋ္ဌာနခွဲတစ်ခုဖြစ်တဲ့ တိုင်ဖုန်းသတိပေးရေးစင်တာ (JTWC) က လာတာလို့” ပြောပါတယ်။ ပြီးတော့ ထိုထုတ်ပြန်ချက်ထဲမှာ “ယခုအချိန်မှာ ရန်ကုန်မြို့ရဲ့ အနောက်တောင်ဘက်ရဲ့ အနောက်ပိုင်းကနေ မိုင် ၃၀ အကွာရေပြင်မှာ မုန်တိုင်းစတင်နေပါပြီ” လို့ဖော်ပြထားပါတယ်။

တစ်ခြားဝက်ဘ်ဆိုဒ်တစ်ခုမှာ ဖော်ပြထားတာကတော့ မုန်တိုင်းက သေချာသလောက်ရှိနေပါပြီတဲ့ 
မိုးသည်းထန်စွာရွာသွန်းမယ်တဲ့  ည 1 နာရီ 40 မှာ ဖြစ်ပွားဖွယ်ရှိနေပါတယ်
အားလုံးပဲ သတိရှိကြပါ .. နီးစပ်ရာကို သတိပေးကြပါ.
ွGoogle earth ကနေ ကြည့်ရသလောက်ကတော့ Cyclone Nargis နီးနီးလောက်ကိုရှိပါတယ်

နောက်ထပ်လာမယ့်မုန်တိုင်းပါ

ယခုနောက်ဆုံးသိရတဲ့သတင်းအရ
ရန်ကုန်အနီးနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် မုန်တိုင်းကြီးတစ်ခုဖြစ်ပေါ်နေပါသည်။
24 နာရီ အတွင်း တနာရီကို ၈၀မိုင်နှုန်းတိုက်ခတ်နိုင်ကြောင်းသိရပါသည်။
အားလုံးပဲ နီးစပ်ရာကို အမြန်သတိပေးကြပါ



ရေးသားသူ ရာပူ, ဟူး။, 14 မေ။ 2008 12:10 မှတ်ချက်များ။(0), အပြည့်အစုံသို့ ။
ဘာသာရေး။
ရင်ထဲက ပုံရိပ်လွှာ အရောင်ထင်ရအောင်

ကျွန်တော်တို့ မြန်မာနိုင်ငံတွင် လိုအပ်သောနေရာများသို့ လှူဒါန်းကြမယ်ဆိုတဲ့အတွေးလေး စိတ်ကူးလေးဖြစ်လာမိတယ်။ ဒါနဲ့ပဲ တတ်အားသမျှလေးတွေစုလိုက်တော့ ဒေါ်လာ ၅၇၀ရတယ်။ လှူဒါန်းမယ့်နေရာကို တိုင်ပင်ကျတော့ ဆရာတော်အရှင်ဇ၀န(မေတ္တာရှင် ရွှေပြည်သာ) ဆောက် လုပ်လျက်ရှိသော ဓမ္မာရုံကျောင်းမှာ န၀ကာမအဖြစ် လှူဒါန်းခဲ့ကြတယ်။ နောက်နောင်လည်း လှူဒါန်းကြမယ်လို့ ဆုံးဖြတ်မိခဲ့ကြတယ်။ အဲဒီတုန်းကတော့ အသင်းအဖွဲ့ဆိုတာလည်း မရှိခဲ့ပါဘူး။ တရားဆွေးနွေးကြတဲ့ ညီအစ်ကိုတစ်တွေရဲ့ စုပေါင်းဒါနမျိုးပေါ့။ လအနည်းငယ်ကြာတော့ ဒီလို အလှူမျိုးတွေ အမြဲတမ်းဖြစ်နေရင် ကောင်းမယ်လို့ တိုင်ပင်မိကြပါတယ်။ ဆွေးနွေးတိုင်ပင်ကြတဲ့ အခါကျတော့ အသင်းအဖွဲ့လေးအဖြစ် စုစည်းပြီးတော့ မြန်မာနိုင်ငံမှာ လိုအပ်လျက်ရှိသော နေရာများ အကုန်လုံးကို လစဉ်လိုအပ်သမျှထဲမှ အတတ်နိုင်ဆုံးလှူဒါန်းကြမယ်လို့ ဆုံးဖြတ်ခဲ့ကြ တယ်။ သို့သော်လည်း လှူဒါန်းကြတယ်ဆိုတော့ ဘယ်လိုအနေအထားနဲ့ လှူဒါန်းကြသလဲ။ ဘာကို ရည်ရွယ်ပြီးလှူဒါန်းလဲဆိုတာကိုတော့ အရင်ဆုံးသိဖို့ ပြောပြသင့်တယ်ထင်ပါတယ်။ ကျွန်တော်တို့ လှူမယ်လို့ ရည်ရွယချက်ကတော့ ဘယ်သူ၊ ဘယ်ဝါ၊ ဘယ်ကျောင်း၊ ဘယ်နိုင်ငံ၊ ဘယ်ပဲရောက်နေရောက်နေ၊ ဘယ်ပုဂ္ဂိုလ်၊ ဘာကြီးပဲဖြစ်နေဖြစ်နေ အဲဒီအတွက်ကို ကျွန်တော်တို့ လုံးဝအဓိက မထားပါဘူး။ အဓိက, က ဂုဏ်မဟုတ်ပါဘူး၊ အမည်နာမတွေ မဟုတ်ပါဘူး။ သဒ္ဓါရှေး ရှုပေးလှူမှုသာလျှင် အဓိကကျပါတယ်။ ကျွန်တော်တို့ အခုလို အဖွဲ့အစည်းလေး ဖွဲ့စည်းပြီး လှူဒါန်းတယ်ဆိုတာကလည်း အသင်းတစ်ခုတည်းကို ရည်ညွှန်းခြင်း မဟုတ်ပါ။ ကမ္ဘာ့နေရာ အရပ်ရပ်တွင် နေထိုင်ကြကုန်သော ဗုဒ္ဓဘာသာအနွယ်ဝင်သူတော် စင်အပေါင်းအားလုံးကို ရည် ညွှန်းပါသည်။ ဒါကြောင့် ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေရဲ့ကြားမှာ ဘာအဖွဲ့အစည်း၊ ဘယ်နိုင်ငံ ဆိုတာတွေ မရှိစေချင်ခဲ့်ပါဘူး။ ကျွန်တော်တို့ရဲ့ ခွန်အားတွေ၊ အသိဥာဏ်တွေ၊ ရဲရင့်မှုတွေ၊ ဗဟု သုတနှင့် အခြားဆိုင်ရာ အကျိုးပြုအတတ်ပညာတွေဟာ အမျိုးဘာသာ၊ သာသနာနှင့် မြန်မာပြည် သူတွေအတွက်ပဲ ဖြစ်ရမှာပါ။ ဘာသာတရားနှင့် ယဉ်ကျေးမှုဆိုတာကလည်း ခွဲခြားလို့မရပါဘူး။ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုအဆင့်အတန်းကို တိုင်းတာတာကလည်း တိုက်ကြီးတာကြီးတွေ မဟုတ်ပါဘူး။ ဘာသာတရားက ပေါက်ဖွား လာတဲ့ ယဉ်ကျေးမှုစိတ်ဓာတ်နဲ့ပဲတိုင်းတာရတာပါ။ ထို့ကြောင့် ဘာသာတရားကို အခြေခံပြီး ပရဟိတဆိုသော မြင့်မြတ်သော ယဉ်ကျေးမှုလုပ်ငန်းကို ရည်ညွှန်းသောအားဖြင့် ဤထေရ၀ါဒဗုဒ္ဓဘာသာ လူငယ်များအသင်းကို ဖွဲ့စည်းလိုက်ပါသည်။
ထေရ၀ါဒဗုဒ္ဓဘာသာ လူငယ်များအသင်းဆိုသည့် အဓိပ္ပါယ်ကိုတော့ ကျွန်တော်တို့အသင်းရဲ့ ဘလော့မှာ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။(www.ymba-mephi.blogspot.com) အသင်းတစ်ရပ် အနေနဲ့ ဖွဲ့စည်းထားတယ် ဆိုသော်လည်း ထေရ၀ါဒဗုဒ္ဓဘာသာဝင် လူငယ်များအားလုံးနှင့် သက်ဆိုင်သောကြောင့် ကျွန်တော်တို့ လူငယ်များအားလုံးသည် မိမိတို့လည်း ထိုကဲ့သို့ လုပ်သင့် တယ်၊ လုပ်ထိုက်တယ်ဆို့ မှတ်ယူစေချင်ပါတယ်။ ဗုဒ္ဓဘာသာ တွင်အခြေခံ ဖြစ်သော ငါးပါးသီလ တွင် စစွာဦးဆုံး ပါဏာတိပါတ သိက္ခာပုဒ်တော်ကို ဆောက်တည်ပါမည်ဟု သီလယူသောအခါ ဆိုရပါသည်။ ဤတွင် သူတစ်ပါးအသက်ကို မသတ်တော့ဘူးဟု ရှောင်ကြဉ်လိုက်လျှင် ပြည့်စုံသင့် သလောက် ပြည့်စုံမည်ဖြစ်သော်လည်း ပြည့်ပြည့်၀၀ကြီးတော့ မပြည့်စုံသေးပါ။ မသတ်ရုံမသတ် တာလေးနှင့် ကျေနပ်မနေကြဘဲ ဒုက္ခရောက်နေသော သတ္တ၀ါတတွေ၊ ၀မ်းဝဘို့အရေး ခက်ခဲပင် ပန်းကြီးစွာနှင့် ရှာဖွေစား သောက်ရသောသူများ၊ မှီခိုကိုးကွယ်ရာမဲ့နေသောသူများအား ကူညီ စောင့်ရှောက်ပါမှ ထိုသိက္ခာပုဒ်၏ အပြီးတိုင်ပြည့်စုံမှုသို့ ရောက်ပါလိမ့်မည်။ သို့ပါမှလည်း မိမိ သူတစ်ပါး အကျိုးရှိ သောအလုပ်ကို လုပ်ခြင်းမည်ပါ၏။ မင်္ဂလာတရားတော်တွင်ပါသော အနာ ကုလာစ ကမ္မန္တာ မင်္ဂလာ၊ အန၀ဇ္ဇာနိ ကမ္မာနိ မင်္ဂလာတို့နှင့်လည်း ပြည့်စုံပါလိမ့်မည်။ ကျွန်တော်တို့ မြန်မာစကားတွင် ရှိသော အများအကျိုးဆောင်ကိုယ့်အကျိုးအောင် ဆိုသောစကားနှင့် လည်း အလွန်ညီညွတ်ပါလိမ့်မည်။

ထေရ၀ါဒဗုဒ္ဓဘာသာတွင် ဒါန၊ သီလ အစရှိသည်ဖြင့် ကောင်းမှုတည်းဟူသော တံ ခါးပေါင်းများစွာ ရှိပါတယ်။ ထိုများစွာသော ကောင်းမှုတံခါးတွေအား ဖွင့်ရုံသာဖွင့်ကြပြီး ၀င်သောသူကတော့ တစ်ရာတွင်တစ်ယောက်ဆိုသလို အလွန်ရှားလှပါသည်။ မိမိအောက်နိမ့်ကျသူများ၊ ဒုက္ခရောက် သူများအား တွေ့ကြလျှင် လူ့သဘာဝအရ ကြင်နာသနားသော ဂရုဏာစိတ်ဖြင့်
“သြော်..သနားပါတယ်၊ ဒုက္ခရောက်တာ စိတ်ထဲတောင်မကောင်းဘူး” ဟုပြောဆိုကြသော စကား ကိုဖြင့် အားလုံးကြားရမှာပါ။ ထိုသို့ပြောဆိုနေကြသော်လည်း ဒုက္ခရောက်နေသူ၊ ပရိယတ္တိ စာသင်တိုက်များ၊ မိဘမဲ့ကလေးများ၊ မျက်မမြင်ဒုက္ခိတ၊ စိတ်ရောဂါဝေဒနာ ခံစားနေရသောသူများ၊ ဘိုးဘွားရိပ်သာများ အခြားဆင်းရဲနွမ်းပါးသော သူများအတွက် “သြော်.. သူတို့ခမျာမှာ တို့တတွေ လှူဒါန်းလိုက်ရလို့ ကောင်းမွန်စွာ စားသောက်နေတာကို တွေ့ရပြီး ၀မ်းသာပါတယ်” အထိဖြစ်လာ အောင် လုပ်ပေးသူက ရှားပါသည်။ ကျွန်ုပ်တို့ ထေရ၀ါဒဗုဒ္ဓဘာသာ လူငယ်များအသင်း (YMBA) အနေဖြင့် ဆိုခဲ့ပြီးသော နေရာ များသို့ ထိထိရောက်ရောက် လှူဒါန်းမည်ဖြစ်ပါသည်။ တခါတရံ တံခါးကို အရင်ဦး ဆုံးဖွင့်သောသူသည် နောက်ဆုံးမှ ၀င်ရတတ်ပါသည်။ ထို့ကြောင့် နောက်ဆုံးမှ မ၀င်ရအောင် အချိန်ရှိတုန်း ဒုက္ခရောက်သူများအတွက် ကူညီဆောင်ရွက်ပေးကြပါလို့ ဤ ဥယျော ဇဉ်စကားဖြင့် အသိပေးလိုက်ပါတယ်။ ဥယျောဇဉ်ဆိုသည်ကား တိုက်တွန်းစကား ဖြစ်ပါသည်။ ကျွန်ုပ်တို့ရည်ရွယ်ချက်ကတော့ မပြည့်သောအိုးများ ကိုဖြည့်ပေးရန်အတွက်သာ ဖြစ်ပါသည်။ ကျွန်ုပ်တို့က ပြည့်သောအိုးများ မဟုတ်ပေမဲ့ စွမ်းနိုင်သလောက်ဖြည့်ပေးခြင်းဖြင့် အကျိုး ရှိလာ မည်ကိုတော့ ယုံကြည်ပါသည်။ ထို့ကြောင့် ထေရ၀ါဒဗုဒ္ဓဘာသာ လူငယ်များအသင်းဟူ၍ ဖွဲ့စည်း လိုက်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ဆိုခဲ့ပြီးသော နေရာများသို့ တစ်ဦးတစ်ယောက်ချင်း အ နေဖြင့် လုပ်မည်ဆိုပါက များစွာသော အခက် အခဲများရှိနိုင်ပါသည်။ အဖွဲ့စည်း အနေဖြင့်ဆိုသော် ပို၍ကောင်းပြီး ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင်နိုင်မည်ဟု ထင်မိ ပါသည်။ ထို့ထက်ပို၍ ပြည့်စုံ သော ရည်ရွယ်ချက်ကတော့ ဂေါတမမြတ်စွာဘုရားရှင် သုမေဒါရှင်ရသေ့ဘ၀မှ ဘုရားဖြစ်ပြီး ပရိနိဗ္ဗာန်စံတော်မူသည်အထိ လောကကြီး အကျိုးစီးပွားအတွက် မနားမနေ ပင်းပန်းကြီးစွာဖြင့် ဆောင်ရွက်တော်မူခဲ့သော လောကတ္ထစရိယနှင့် ဥာတတ္ထစရိယ အကျင့်တို့အားဝပ်တွား ပူဇော် သောအားဖြင့် ဖွဲ့စည်းလိုက်ခြင်း ဖြစ်ပါသည်။ ထို့အပြင် (၁၉၀၆)ခုနှစ် ရန်ကုန်မြို တွင်တည်ထောင် ခဲ့သော (Young Men's Buddhist Association) ၀ိုင်အမ်ဘီအေ အသင်း ကြီးအား အားဖြည့် သော သဘောလည်းပါပါသည်။ တိမ်မြုပ်ပျောက်ကွယ်လုနီးပါး ဖြစ်နေသောထိုအသင်းကြီးအား ပြန်လည်အသက်ဝင် ရှင်သန်စေချင်သော ဆန္ဒလည်းပါပါသည်။ ထိုအချက်နှင့်ပတ်သတ်ပြီး မိမိအနေဖြင့် မည်သို့ခံယူမိပါသလဲဆိုလျှင် ယာ ဘာနုယာယီ ဆိုတဲ့ရှေးသူတော်ကောင်းတို့ သွားသောလမ်းကို ဖြောင့်မှန်စွာလိုက်ရမည်။ ရှေးလူကြီးသူမများ၏ ကောင်းမွန်သော အစဉ်အလာ တို့အား နောက်နှောင်းလူငယ်များက ပြန်လည်ထိန်းသိမ်းပြီး တိုးတက်အောင်ဆောင်ရွက် သင့်သည်ဟု လည်းခံယူမိပါသည်။ ကျွန်ုပ်တို့က ထိုမပြည့်သောအိုးများ အားဖြည့် သကဲ့သို့ ဤစာစဉ်ကို ဖတ်မိကြသော စာကြည့်သူ၊ ဗဟုသုတရှာမှီးသူများမှလည်း ငါတို့လည်း ဒီလိုလုပ် သင့်တယ်၊ လုပ်ဆောင်ထိုက်တယ်လို့ သဘောထား၍ စေတနာထက်သန် စွာဖြင့် ကူညီ ဆောင်ရွက်ပေးလျှင်ဖြင့် အလွန်ကို မင်္ဂလာရှိသွားမည်ကို ဧကန်မုချ ယုံကြည်မိပါတော့သည်။

ဒါကတော့ ကျွန်တော်တို့ အသင်းရဲ့ကနဦးကတည်းက ရှိနေခဲ့တဲ့ ခံယူချက်၊ စေတနာ၊ သဒ္ဓါတရားနှင့် ဗုဒ္ဓဘာသာဝင်တို့ခံယူစေချင်သော ခံယူချက်၊ စေတနာ၊ သဒ္ဓါတရားအားလုံးပဲဖြစ် ပါတယ်။ အခုလို မုန်တိုင်းဒဏ်ကျရောက်ပြီး လူသားတွေ သေကျေပျက်စီးပြီး ဒုက္ခရောက်တာတွေ မြင်ရတော့ ရင်ထဲမှာ အတော်ပင် စိတ်ထိခိုက်ပြီး မေတ္တာတွေသာ အထပ်ထပ်ပို့ခဲ့မိတယ်။ ရင်ထဲမှာ လည်း မိမိတို့ရဲ့ ခံယူချက်ဟာ ပိုမိုခိုင်မာသွားတယ်လို့ ယုံကြည်မိလာခဲ့ပါတယ်။ ယုံကြည်မိတဲ့ အတိုင်း ကြိုးစားခဲ့ပါတယ်။ အခုဆိုရင် မုန်တိုင်းဒဏ်ကျရောက်သောနေရာများသို့ စတင်လှူဒါန်း နေပါပြီ။ ပထမဦးစွာ လှူဒါန်းလိုက်တာကတော့ မုန်တိုင်းဒဏ်ကျရောက်သောနေရာများသို့ ၂၆သိန်းလှူဒါန်းခဲ့ပါပြီ။ ယခင်လှူဒါန်းရန်နေရာများကိုလည်း လှူဒါန်းမှာ ဖြစ်ပါတယ်။ ဤကဲ့သို့ပဲ လစဉ်လစဉ်လှူဒါန်းသွားမှာဖြစ်ပါတယ်။ စာဖတ်ရှုမိသူ ဗုဒ္ဓဘာသာဝင် သူတော်စင်များကိုလည်း မိမိတို့ရဲ့ တတ်စွမ်းသမျှသော အလှူ၊ အကူအညီများအား မွန်မြတ်သော ပရဟိတလုပ်ငန်းတစ်ရပ် အဖြစ် စေတနာသုံးတန်ရှေ့ထားကာ ပါဝင်လှူဒါန်းစေခြင်း အကျိုးငှာ တိုက်တွန်းနှိုးဆော်အပ် ရပါကြောင်း၊ လေးစားစွာဖြင့်…………….. ရေနံ့သာမောင် ဆက်သွယ်နိုင်သောလိပ်စာများ
ymba.mephi@gmail.com /
aungsweoo84@gmail.com / kyawzl84@gmail.com / qqbroken.duck@gmail.com / myitmyatmaung@gmail.com သို့ကိုလည်းဆက်သွယ်နိုင်ပါသည်။

ရေးသားသူ ရေနံ့သာကိုကျိုး, ဟူး။, 14 မေ။ 2008 01:58 မှတ်ချက်များ။(0), အပြည့်အစုံသို့ ။
အိုင်အာစီ။
မြန်မာချက်အွန်လိုင်း အိုင်အာစီကွန်ယက်

ကျွန်တော်တို့  မြန်မာချက်အွန်လိုင်း အိုင်အာစီကွန်ယက်ကို အိုင်အာစီဆာဗာ ၈ လုံး ဆားဗစ်ဆာဗာ ၁ လုံးနဲ့  လည်ပတ်နေပါတယ်။
အိုင်အာစီဆာဗာများနဲ့  ဆားဗစ်ဆာဗာကတော့

ဆာဗာအမည်။ ပေါ့တ်။ အက်ဒမင်။ အော်ပရေတာ။
irc.myanmarmedical.net 443/6667 BlaCk Kadio
irc.myanmarchatonline.org 443/6667 Minsesar MgYin-M^S
dsa.myanmarchatonline.org (သို့ မဟုတ်) dsa.myanmarmedical.net 443/6667 Thar^Mite min^ye^thwe
royal.myanmarchatonline.org (သို့ မဟုတ်) royal.myanmarmedical.net 443/6667 Error Zat
im-mdy.myanmarmedical.net (သို့ မဟုတ်) im-mdy.myanmarchatonline.org 443/6667 Lycaeus wonderful^girl
aero.myanmarchatonline.org (သို့ မဟုတ်) aero.myanmarmedical.net 443/6667 Frank second^romeo
DSMA.myanmarmedical.net (သို့ မဟုတ်) DSMA.myanmarchatonline.org 443/6667 Azteca lotus
webchat.myanmarmedical.net (သို့ မဟုတ်) webchat.myanmarchatonline.org 6667 BlaCk Nagarlay
services.myanmarchatonline.org

ဝက်ဘ်ချက်ဆာဗာကတော့ ပေါတ့် ၆၆၆၇ တစ်ခုတည်းကိုပဲ ဖွင့်ပေးထားပါတယ်။ မြန်မာနိုင်ငံကအသုံးပြုသူများ ၀င်လို့ ရမှာမဟုတ်ပါဘူး။ Proxy သုံးရင်တော့ရနိုင်ပါတယ်။ ဘာလို့ လည်းဆိုတော့ ဒီဆာဗာက ၀က်ဘ်ချက်အသုံးပြုသူများအတွက်သာဖြစ်ပြီး lagging အနည်းဆုံးဖြစ်အောင် လုပ်ပေးထားပါတယ်။ဆားဗစ်ဆာဗာကလွဲလို့  ကျန်တဲ့ဆာဗာတွေကို မြန်မာနိုင်ငံကဆိုရင် ပေါတ့် ၄၄၃ ၊ အိုဗာဆီးကဆိုရင် ၄၄၃၊၆၆၆၇ ၂ ခုလုံးသုံးပြီး ၀င်ရောက်လို့ ရပါတယ်။ အိုင်အာစီကွန်ယက်ထဲဝင်ရောက်ပုံအဆင့်ဆင့်ကိုတော့ ဒီနေရာ လေးမှာ ကိုအယ်ရာရှင်းပြပေးထားတာရှိပါတယ်။
အမ်အိုင်အာစီကို အသုံးမပြုချင်တဲသူတွေအတွက်ဆိုရင်တော့ ၀က်ဘ်ချက် ကနေ၀င်ရောက်ပြီးသူငယ်ချင်းများနဲ့  chatting လုပ်နိုင်ပါတယ်။ ဒီတော့ ကျွန်တော်တို့ မြန်မာချက်အွန်လိုင်းအိုင်အာစီကွန်ယက်နဲ့ ပတ်သက်တဲ့ အခက်အခဲများ၊ အကူအညီများကို အပေါ်မှာပြထားတဲ့ ဆာဗာလိုက် အက်ဒမင်များကိုလည်းကောင်း အော်ပရေတာများကိုလည်းကောင်း ပီအမ်ပို့ ပြီးအကူအညီတောင်းနိုင်ပါတယ်။ ဒါမှမဟုတ် အကူအညီကဏ္ဍ မှာ လွတ်လွတ်လပ်လပ် ရေးပို့ ပြီးပြောကြားနိုင်ပါတယ်။

ရေးသားသူ မင်းဆည်းဆာ, ဟူး။, 13 ဖေဖေါ်ဝါရီ။ 2008 13:15 မှတ်ချက်များ။(0), အပြည့်အစုံသို့ ။
 
ဆွေးနွေးချက်များ။ Collapse Block
အထွေထွေဗဟုသုတ
မြန်မာ့ ရိုးရာ ပန်းဆယ်မျိုး


(၁) ပန်းပု




(၂) ပန်းပွတ်




(၃) ပန်းတမော့




(၄) ပန်းတဉ်း





(၅) ပန်းယွန်း




(၆) ပန်းပဲ




(၇) ပန်းချီ




(၈) ပန်းတိမ်




(၉) ပန်းတော့




(၁၀) ပန်းရံ


...

ရေးသားသူ မနောသား, ကြာ။, 16 မေ။ 2008 23:52 [ အပြည့်အစုံသို့ ။ ]
ဓမ္မရသများ။
မပြောငြားလဲ သူ့စီးပွားကို လိမ်ညာလှည့်ဖျား မခိုးငြားနှင့်


အာဒိန္နာဒါန- မပေးအပ်သော သူ့ဥစ္စာကို ခိုးယူခြင်းဟုအနက်ရှိ၏။ ထို့ကြောင့် မိမိမှတစ်ပါး အခြားသော လူ၊ နတ်၊ တိရစ္ဆာန်ဟူသမျှကို သူတစ်ပါးဟုချည်း မှတ်ရမည်ဖြစ်သည်။ သူတစ်ပါးဥစ္စာကို ခိုးယူခြင်း၊ ဓားပြတိုက်ယူခြင်း၊ ညာဖြန်းလှည့်ပတ်ယူခြင်း၊ ကူးသန်းရောင်းဝယ် ရာ၌ တင်းတောင်း၊ ချိန်ခွင်၊ အလေးစသည်ဖြင့်လည်း ကောင်း၊ ရောင်းကုန်တိုးအောင် ရေထိုးခြင်းစသည်ဖြင့်လည်းကောင်း မရိုးမသားယူ ခြင်း ဟူသမျှသည် အဒိန္နာဒါနချည်းဖြစ်၏။ ယုတ်စွအဆုံး သူတစ်ပါးပိုင်သော မြက်၊ ၀ါး ခြမ်းမျှကိုပင် မခိုးယူကောင်းပေ။ ခိုးယူလျှင် အဒိန္နာဒါန ကျူးလွန်းသည်မည်၏။


မိမိခိုးယူသောဥစ္စာသည် တန်ဘိုးနည်းလျှင် အပြစ်နည်းပြီး တန်ဘိုးကြီးလျှင် အပြစ်ကြီး၏။ ဥစ္စာတန်ဘိုးချင်းတူနေလျှင် သီလမရှိသူ၏ဥစ္စာကို ခိုးယူခြင်းသည် အပြစ်နည်းပြီး သီလရှိသူ၏ဥစ္စာကို ခိုးယူခြင်းက ပို၍အပြစ်ကြီး၏။ ၀ိနည်းအားဖြင့် ဆိုရလျှင် ပုဂ္ဂလိကဥစ္စာထက် ဂိုဏ်းဥစ္စာက ပို၍အပြစ်ကြီး၏။ ၎င်းထက် သံဃိက ဥစ္စာက ပို၍အပြစ်ကြီး၏။ မိမိဥစ္စာကို သူတစ်ပါးဥစ္စာထင်၍ ခိုးခြင်း၊ သူတစ်ပါးဥစ္စာ ကို မိမိဥစ္စာထင်၍ ယူခြင်း၊ ရင်းနှီးကျွမ်းဝင်၍ ယူခြင်းတို့၌မူ အဒိန္နာဒါနကံ မထိုက် ပေ။
သူတစ်ပါးဥစ္စာကို ခိုးယူခြင်းအင်္ဂါငါးပါးရှိကြ၏။ ၎င်းတို့မှာ-
(၁) သူ့ဥစ္စာဖြစ်ခြင်း၊
(၂) သူ့ဥစ္စာဟုအမှတ်ရှိခြင်း၊
(၃) ခိုးယူလိုစိတ်ရှိခြင်း၊
(၄) ခိုးယူရန်ကြိုးစားခြင်း၊
(၅) ခိုးယူခြင်း တို့ ဖြစ်ကြပါသည်။
ခိုးခြင်း အမျိုးအစား(၂၅) ပါး ရှိ၏။ ထို ပယောဂတို့ဖြင့် ခိုးခြင်းအမှုကို ကျူးလွန်နေ ကြပေသည်။ သီလ၀န္တပုဂ္ဂိုလ်ဖြစ်လိုသူသည် ထိုသို့ကျူးလွန်ခြင်း (၂၅) ပါးလုံးကို ရှောင်ကြဉ်ပြီး မိမိ၏သီလကို အပျက်မခံပဲ လုံခြုံအောင် စောင့်ထိန်းသင့်ပေသည်။ ခိုးခြင်း (၂၅) ပါးတို့မှာ-
(၁) နာနာဘဏ္ဍပဉ္စက (သက်ရှိသက်မဲ့ ပစ္စည်းအမျိုးမျိုးကို နည်းငါးမျိုးဖြင့်ခိုးခြင်း)
(က) အာဒိယန- အိမ်၊ ကျောင်း၊ ခြံမြေ၊ ကျွဲနွားစသည်တို့ကို တရားစွဲဆို၍ခိုးခြင်း၊
( ခ) ဟရဏ- သူတစ်ပါးဥစ္စာကို ဦး ...

ရေးသားသူ မနောသား, ကြာ။, 16 မေ။ 2008 23:40 [ အပြည့်အစုံသို့ ။ ]
ဓမ္မရသများ။
ကိုယ်နှင့်စာ၍ ကြင်နာကြစေ သူ့အသက်ကို ချစ်ပါလေ


ပါဏာတိပါတ-သူ့အသက်ကို သတ်ခြင်းဟုအနက်ရှိ၏။ သူတစ်ပါးတို့၏ အသက်ကို သတ်ဖြတ်လေ့ရှိသောပုဂ္ဂိုလ်သည် ဒေါသကြီးသူ၊ မေတ္တာတရားခေါင်းပါးသူ၊ ကြင်နာမှုမရှိသူ၊ ညှာတာမှုကင်းမဲ့သူတို့ပင် ဖြစ်သည်။ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏ဟူ၍ သီလဆောက်တည်ထားသူသည် အသက်ရှိသော မည်သည့် သတ္တ၀ါပင်ဖြစ်စေ သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ရမည်ဖြစ်၏။ မှက်၊ ခြင်၊ ယင် စသော သေးငယ်သောသတ္တ၀ါတို့ပင်ဖြစ်စေ မသတ်အပ်ပေ။ မတော်တဆ နင်းမိ ခြင်းကို မဆိုလိုပေ။ သတ်လျှင်ကား ပါဏာတိပါတသိက္ခာပုဒ်ကို ကျူးလွန်သည် မည်၏။
အပြစ် အကြီး အသေးမှာ အသတ်ခံရသောသတ္တ၀ါ၏ ခန္ဓာကိုယ်ပမာဏနှင့် ဂုဏ် အပေါ်မူတည်ပြီး ကွာခြား၏။ လုံ့လစိုက်ထုတ်မှု၊ စိတ်စေတနာအပေါ် မူတည်၍ လည်း ကွာခြား၏။ ခန္ဓာကိုယ်ငယ်လျှင် သတ်ဖြတ်ရာ၌ အားစိုက်မှုနည်းသော ကြောင့်လည်းကောင်း၊ ဂုဏ်မရှိလျှင် သူ၏ဂုဏ်သိက္ခာကို များစွာဖျက်ဆီးရာ မရောက်သောကြောင့်လည်းကောင်း၊ သတ်ဖြတ်သောသူမှာ အပြစ်သက်သာ၏။ ခန္ဓာကိုယ်ကြီးလျှင် သတ်ဖြတ်ရာ၌ အားစိုက်မှုများသောကြောင့်လည်းကောင်း၊ ဂုဏ်ကြီးလျှင် သူ၏ဂုဏ်သိက္ခာများကို ဖျက်ဆီးရာရောက်သောကြောင့်လည်း ကောင်း သတ်ဖြတ်သောသူမှာ ကြီးလေးသောအပြစ်ကို ခံရမည်။


ပါဏာတိပါတ - သူ့အသက်သတ်ခြင်း ကမ္မပထမြောက်သော အင်္ဂါ(၅)ပါးရှိသည်။ ၎င်းတို့မှာ-
(၁) သတ္တ၀ါဖြစ်ခြင်း၊
(၂) သတ္တ၀ါဟု အမှတ်ရှိခြင်း ( သိခြင်း ) ၊
(၃) သတ်လိုစိတ် (သေစေလိုစိတ်) ရခြင်း၊
(၃) သတ်ရန် (သေစေရန်) လုံ့လပြုခြင်း၊
(၅) ထို လုံ့လကြောင့်သေခြင်း တို့ဖြစ်ကြသည်။

ပါဏာတိပါတာကံ ကျူးလွန်းရာ၌ အားထုတ်မှု (ပယောဂ) ခြောက် မျိုးရှိကြသည်။ ၎င်းတို့မှာ-
(၁) ကိုယ်တိုင်သတ်ခြင်း၊
(၂) သူတစ်ပါးကိုသတ်ခိုင်းခြင်း၊
(၃) တစ်စုံတရာဖြင့်ပစ်ခတ်၍သတ်ခြင်း၊
(၄) လာသမျှထိခိုက်သေဆုံးစေရန် ဓား ၊ လှံ ၊ တွင်း စသည် တို့ကို အမြဲထောင်၍ သတ်ခြင်း၊
(၅) ဆေးဝါး မန္တရားဖြင့်သတ်ခြင်း ၊
(၆) တန်ခိုးဖြင့်သတ်ခြင်း တို့ဖြစ်ကြသည်။ ဤ ပယောဂ (၆)မျိုးမှ တစ်နည်းနည်း နှင့် သူ့အသက်ကို သေစေလိုသောစိတ်ဖြင့် သတ်ဖြတ်သေ ...

ရေးသားသူ မနောသား, ကြာ။, 16 မေ။ 2008 23:36 [ အပြည့်အစုံသို့ ။ ]
 
ဆွေးနွေးချက်ခေါင်းစဉ်များ။ Collapse Block
  ခေါင်းစဉ်။ ရေးသားသူ။ ပြန်စာ။ ကြည့်ရှုကြိမ်။ စကားဝိုင်း။
HTML ကို မြန်မာလို လေ့လာကြရအောင်
17.05.2008 01:43
ပေးပို့ သူ မနောသား
3 27 HTML
Linux+ Study Guide
17.05.2008 01:14
ပေးပို့ သူ မနောသား
6 164 လင်းနစ်
Linux Operating System
17.05.2008 01:13
ပေးပို့ သူ မနောသား
7 269 လင်းနစ်
မြန်မာ့ ရိုးရာ ပန်းဆယ်မျိုး
17.05.2008 00:52
ပေးပို့ သူ မနောသား
0 1 အထွေထွေဗဟုသုတ
မပြောငြားလဲ သူ့စီးပွားကို လိ...
17.05.2008 00:40
ပေးပို့ သူ မနောသား
0 2 ဓမ္မရသများ။
ကိုယ်နှင့်စာ၍ ကြင်နာကြစေ သူ့...
17.05.2008 00:36
ပေးပို့ သူ မနောသား
0 2 ဓမ္မရသများ။
ဗုဒ္ဓဘာသာ
17.05.2008 00:34
ပေးပို့ သူ မနောသား
0 5 ဓမ္မရသများ။
လူသားအားလုံးရဲ့ အမေ
17.05.2008 00:31
ပေးပို့ သူ မနောသား
0 2 အထွေထွေဗဟုသုတ
နာ့ကိုလည်းခေါ်နော်..
17.05.2008 00:02
ပေးပို့ သူ ပျိုပျိုမေ
29 163 မီးနာမည်က ....
ကျွန်တော့်ကိုအကြံပေးကြပါဗျာ....
ပေးပို့ ချိန်။ 22:58
ပေးပို့ သူ သူကြီးဘစီ
36 394 အချစ်၏ ဖွင့်ဟ၀န်ခံချက်
 
ယနေ့ ဝင်ရောက်ကြည့်ရှုသွားသူများ။ Collapse Block
စုစုပေါင်း။: 9( အသင်းဝင်များ။: 8 , အမည်မဖေါ်လိုသူ။: 1 )
cute.joker, သူကြီးဘစီ, အေကငြိမ်း, မနောသား, Solomon, ချင်းလေး, ကိုအောင်သူရ, crystal