ကျွန်တော်တို့ မြန်မာချက်အွန်လိုင်းမှာ ကဗျာပြိုင်ပွဲလေး နားထားတာ အချိန်အားဖြင့်တော်တော်ကြာခဲ့ပါပြီ။ အခု ကျွန်တော်တို့တွေ
ချစ်သူများနေ့ အထိမ်းအမှတ် ကဗျာပြိုင်ပွဲလေးကို စတင်လိုက်ပါတယ်။ ပြိုင်ပွဲအတွက် သက်မှတ်ရက်ကတော့
ဖေဖေါ်ဝါရီ ၄ ရက်မှ ဖေဖေါ်ဝါရီ ၁၂ အထိဖြစ်ပါတယ်။
ဒီပြိုင်ပွဲလေးမှာ အမှတ်ပေး ဒိုင်များအဖြစ် ကိုအမည်မဲ့ ၊ ကိုညီစိမ်း ( သိုးမည်း ) ၊ ကိုရုပ်သေး နဲ့ ကျွန်တော် မောင်မိုးချို တို့မှ ဆောင်ရွက်မှာဖြစ်ပါတယ် ။ ဒီပြိုင်ပွဲမှာ
ပထမ ၊ ဒုတိယ ၊ တတိယ နဲ့ နှစ်သိမ့်ဆု ၂ ဆု စုစုပေါင်း ၅ ဆုပေးသွားမှာဖြစ်ပြီး ထိုဆုရကဗျာ ၅ပုဒ်နဲ့အတူ ကျွန်တော်တို့အမှတ်ပေးအဖွဲ့ဝင်များ၏
ကဗျာများကို
E-Book ထုတ်ပေးသွားမှာဖြစ်ပါတယ်။
တစ်ဦးကို တစ်ပုဒ်သာ ၀င်ရောက်ရေးသားခွင့်ရှိမှာဖြစ်ပြီး တစ်ပုဒ်ထက်ပိုတင်သော ကဗျာများကို ရွေးချယ်ပေးမှာမဟုတ်ပါဘူး ။
အခုမှစပြီး ပြိုင်ပွဲဝင်ကဗျာများ ကို စတင်ရေးသားလို့ရပါပြီ ။ ကဗျာချစ်သူများရဲ့ ပြိုင်ပွဲဝင်ကဗျာများကို ကြိုဆိုလျက် ....
ကဗျာချစ်သူများ ကျန်းမာပျော်ရွှင်ကြပါစေဗျာ ။
မောင်မိုးချို
ကျေးဇူးတင်စကား ပြောကြားသွားသူများ
pole